ဒီ Serum ဟာ အသားအရေကို ဓာတုဗေဒနည်းဖြင့် အဖတ်ချွတ်ပေးတဲ့ (Chemical Peeling) အမျိုးအစားဖြစ်ပြီး နာမည်ကြီး The Ordinary Peeling Solution နဲ့ အာနိသင်ချင်း တူညီသော ကိုရီးယားထုတ်ကုန်တစ်ခု ဖြစ်ပါတယ်။
Intensive Exfoliation: အလွန်ပြင်းအားကောင်းသော AHA 30% ပါဝင်လို့ မျက်နှာပြင်ပေါ်ရှိ ဆဲလ်သေများကို ထိရောက်စွာ ဖယ်ရှားပေးပြီး အသားအရေကို ချက်ချင်းချောမွေ့စေပါတယ်။
Clear Pores: BHA 2% ပါဝင်လို့ ချွေးပေါက်အတွင်းပိုင်းအထိ သန့်စင်ပေးကာ အဆီဖု၊ ဆားဝက်ခြံနှင့် ဝက်ခြံဖြစ်စေသော ပိတ်ဆို့မှုများကို ဖယ်ရှားပေးပါတယ်။
Brightening: ညစ်နွမ်းနေသော အသားအရေကို ကြည်လင်တောက်ပလာစေပြီး အမည်းစက်နှင့် ဝက်ခြံအမာရွတ်များကို မှေးမှိန်စေပါတယ်။
Smooth Texture: အသားအရေ ကြမ်းတမ်းမှုကို လျှော့ချပေးပြီး နုပျိုချောမွေ့သော အသွင်ကို ရရှိစေပါတယ်။
AHA 30% (Glycolic/Lactic/Tartaric/Citric Acid): အသားအရေအပေါ်ယံလွှာကို အဖတ်ချွတ်ပေးပြီး ကြည်လင်စေပါတယ်။
BHA 2% (Salicylic Acid): ချွေးပေါက်အတွင်းရှိ အဆီနှင့် အညစ်အကြေးများကို သန့်စင်ပေးပါတယ်။
Tasmanian Pepperberry: ပြင်းအားကောင်းသော Acid များကြောင့် အသားအရေ ယားယံခြင်းနှင့် နီမြန်းခြင်းတို့ကို သက်သာစေရန် ကူညီပေးပါတယ်။
ဒီ Serum ဟာ ပြင်းအားကောင်းလို့ အသုံးပြုပုံ မှန်ကန်ဖို့ လိုအပ်ပါတယ် -
မျက်နှာသစ်ပါ: မျက်နှာကို သန့်စင်အောင် သစ်ပြီး လုံးဝခြောက်သွေ့အောင် သုတ်ပါ။ (စိုနေသောမျက်နှာပေါ်တွင် လုံးဝမသုံးရပါ)။
လိမ်းပါ: Serum အနည်းငယ်ကို မျက်စိနှင့် နှုတ်ခမ်းတစ်ဝိုက် ရှောင်ပြီး မျက်နှာအနှံ့ ညီညာစွာ လိမ်းပေးပါ။
စောင့်ပါ: မျက်နှာပေါ်တွင် ၁၀ မိနစ်ထက် ပိုမထားပါနှင့်။ (၅ မိနစ်မှ ၁၀ မိနစ်အတွင်းသာ ထားရပါမည်)။
ဆေးကြောပါ: ရေနွေးနွေးလေး (သို့မဟုတ်) ရေအေးဖြင့် စင်ကြယ်အောင် ဆေးကြောပါ။
Moisturizer: ဆေးကြောပြီးနောက် အသားအရေ စိတ်အေးစေရန် Hydrating Serum သို့မဟုတ် Moisturizer ကောင်းကောင်း လိမ်းပေးပါ။
ညဘက်တွင်သာသုံးပါ: ဤ Serum ကို ညဘက်တွင်သာ အသုံးပြုရပါမည်။
အကြိမ်ရေ: တစ်ပတ်လျှင် ၁ ကြိမ် သို့မဟုတ် ၂ ကြိမ်ထက် ပိုမသုံးရပါ။
နေကာခရင်မ်: နောက်နေ့မနက်တွင် နေကာခရင်မ် (Sunscreen) ကို မဖြစ်မနေ လိမ်းရပါမည်။ (အရေပြားက နေလောင်လွယ်သွားနိုင်သောကြောင့် ဖြစ်သည်)။
ဘယ်သူတွေ မသုံးသင့်လဲ: အသားအရေ အလွန်အထိခိုက်လွယ်သူများ (Sensitive Skin)၊ အရေပြား ကွဲအက်နေသူများ သို့မဟုတ် ဒဏ်ရာရှိသူများ မသုံးရပါ။
Patch Test: ပထမဆုံးအကြိမ် သုံးမည်ဆိုပါက လက်ကောက်ဝတ်အတွင်းပိုင်းတွင် အရင်စမ်းသပ်ကြည့်ပါ။
Your email address will not be published. Required fields are marked *
Please login to write review!
Looks like there are no reviews yet.
Cookie preferences