ဒီ Cleansing Oil လေးက နာမည်ထဲမှာ "Light" လို့ ပါတဲ့အတိုင်း ပေါ့ပါးတဲ့ Texture ရှိပြီး မျက်နှာပေါ်မှာ လေးလံတဲ့ ခံစားမှုမျိုး မပေးပါဘူး။ သူ့ရဲ့ အဓိက ရည်ရွယ်ချက်ကတော့ မျက်နှာပေါ်က မိတ်ကပ်၊ ဖုန်မှုန့်၊ အညစ်အကြေး၊ အဆီပို နဲ့ Sunscreen အကြွင်းအကျန် တွေကို ညင်သာစွာ ဖယ်ရှားပေးဖို့ပါ။
Sorbeth-30 Tetraoleate: ဒါက Emulsifier ပါ။ ဆီကို ရေနဲ့ ရောလိုက်တဲ့အခါ နို့ရည်လို ပြောင်းသွားအောင် ကူညီပေးတာမို့ မျက်နှာသစ်ပြီးရင် ဆီကျန်တာမျိုး မရှိတော့ပါဘူး။
SKIN1004 Madagascar Centella Light Cleansing Oil ဟာ အသားအရေ အမျိုးအစားအားလုံး (All Skin Types) အတွက် သင့်တော်တယ်လို့ ပြောလို့ရပါတယ်။
ထိခိုက်လွယ်သော အသားအရေ (Sensitive Skin): Centella Asiatica ပါဝင်ပြီး ညင်သာတဲ့ ဖော်မြူလာဖြစ်လို့ ထိခိုက်လွယ်သူတွေအတွက် သင့်တော်ပါတယ်။ ဒါပေမယ့် Bergamot Fruit Oil နဲ့ Pelargonium Graveolens Flower Oil (Geranium Oil) တို့လို Essential Oil အနည်းငယ်ပါဝင်တာကြောင့် အနံ့နဲ့ Essential Oil တွေနဲ့ အရမ်းမတည့်တဲ့သူဆိုရင်တော့ Patch Test (အနည်းငယ် စမ်းလိမ်းကြည့်ခြင်း) လုပ်ပြီးမှ သုံးတာ ပိုစိတ်ချရပါမယ်။ (သုံးစွဲသူအများစုကတော့ ဒီ Cleansing Oil မှာ အနံ့သိပ်မရှိဘူးလို့ ပြောကြပါတယ်။)
Cleansing Oil က Double Cleansing ရဲ့ ပထမအဆင့်အနေနဲ့ အသုံးပြုရမယ့် Product ပါ။
Your email address will not be published. Required fields are marked *
Please login to write review!
Looks like there are no reviews yet.
Cookie preferences