အဓိက အကျိုးကျေးဇူးများနှင့် ပါဝင်ပစ္စည်းများ
Zinc Oxide
ရုပ်ပိုင်းဆိုင်ရာ နေရောင်ခြည်ကာကွယ်မှု: Zinc Oxide ဟာ နေရောင်ခြည်ထဲက UVA နဲ့ UVB ကို အသားအရေပေါ်မှာ ရောင်ပြန်ဟပ်စေပြီး ကာကွယ်ပေးပါတယ်။ ဓာတုပစ္စည်း (Chemical) သုံးပြီး ကာကွယ်တာမျိုးမဟုတ်တဲ့အတွက် ထိခိုက်လွယ်တဲ့ အသားအရေကို မထိခိုက်စေပါဘူး။
အသားအရေကို သက်သာစေခြင်း: Zinc Oxide မှာ အသားအရေကို သက်သာစေတဲ့ အာနိသင်ပါဝင်တာကြောင့် နီရဲတာနဲ့ ရောင်ရမ်းတာတွေကိုလည်း လျှော့ချပေးနိုင်ပါတယ်။
SPF 50+ PA++++
Mild Formula (နူးညံ့တဲ့ ဖော်မြူလာ)
Tone Up Effect
ဘယ်သူတွေအတွက် သင့်တော်လဲ။
အသားအရေ ထိခိုက်လွယ်တဲ့သူများ (Sensitive Skin)
ဝက်ခြံထွက်လွယ်ပြီး နီရဲတတ်တဲ့ အသားအရေပိုင်ရှင်များ
နေရောင်ခြည်ဒဏ်ကို အမြင့်ဆုံး ကာကွယ်ချင်သူများ
မိတ်ကပ်ကို အခြေခံပြီးတော့ အသားအရေကို တောက်ပစေချင်သူများ
သုံးစွဲပုံ အဆင့်ဆင့်
မိတ်ကပ်မလိမ်းခင် ဒါမှမဟုတ် အပြင်မထွက်ခင် အနည်းဆုံး မိနစ် ၂၀ ကြိုပြီး မျက်နှာပေါ်မှာ လိမ်းပေးသင့်ပါတယ်။
မျက်နှာ၊ လည်ပင်း၊ လက်မောင်းလိုမျိုး နေရောင်ခြည်နဲ့ ထိတွေ့နိုင်တဲ့ နေရာတွေမှာ လိုအပ်တဲ့ ပမာဏကို ညီညာစွာ လိမ်းပေးပါ။
နေ့လယ်ဘက် အချိန်အကြာကြီး နေပူထဲသွားမယ်ဆိုရင်တော့ ၄ နာရီတစ်ခါလောက် ပြန်လိမ်း ပေးသင့်ပါတယ်။
အချုပ်အားဖြင့် [KAHI] Zinc Derma Mild Sun Cream ဟာ ထိခိုက်လွယ်တဲ့ အသားအရေပိုင်ရှင်တွေအတွက် အထူးသင့်တော်ပြီး နေရောင်ခြည်ဒဏ်ကို အစွမ်းကုန်ကာကွယ်ပေးနိုင်တဲ့ Sun Cream တစ်မျိုးပဲ ဖြစ်ပါတယ်။