SELSUN Gold Selenium Sulfide 25mg Medically Proven Treatment for Dandruff (200ml) ဆိုတာကတော့ Selsun Blue ထက် "Selenium Sulfide ပါဝင်မှု (2.5% / 25mg/mL) ပိုမိုမြင့်မားပြီး အလွန်ပြင်းထန်တဲ့ ဗောက်ပြဿနာနဲ့ ပွေး/မှိုရောဂါများကို ကုသပေးတဲ့ ဆေးဘက်ဝင် အမြင့်ဆုံးအဆင့် (Extra Strength) ခေါင်းလျှော်ရည်" ဖြစ်ပါတယ်ဗျာ။
Selsun Blue (1%) နဲ့ မတူဘဲ Selsun Gold (2.5%) က ဆေးဝါးအဆင့် အာနိသင် (Medically Proven) ပိုမိုပြင်းထန်တာမို့ ဗောက် အကြီးအကျယ် ထသူတွေ၊ သာမန် ခေါင်းလျှော်ရည်နဲ့ လုံးဝ မပျောက်သူတွေအတွက် အထူးသီးသန့် ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။
Selenium Sulfide 2.5% (25mg/mL): Selsun Gold မှာ ပါဝင်တဲ့ 2.5% Selenium Sulfide ဟာ ဆေးဘက်ဝင် အစွမ်းထက်ဆုံး ပမာဏ ဖြစ်ပါတယ်။ ဗောက်ဖြစ်စေတဲ့ မှိုပိုး (Malassezia) တွေကို အမြစ်ပြတ် တိုက်ဖျက်ပေးရုံတင်မကဘဲ ဦးရေပြား ပြည်တည်တာ၊ အဖတ်လိုက် ကွာကျတာနဲ့ Tinea Versicolor (ပွေး/ညှင်း မှိုရောဂါ) များကိုပါ သက်သာပျောက်ကင်းစေပါတယ်ဗျာ။
Selsun Blue (1%): ပုံမှန် ဗောက်ထသူများနဲ့ အဆီပြန်သူများအတွက် နေ့စဉ်/တစ်ပတ် ၂ ကြိမ် သုံးရန်။
Selsun Gold (2.5%): အလွန်ပြင်းထန်သော ဗောက်နှင့် မှိုရောဂါ သမားများအတွက် အထူးကုသရန်။
သူက ဆေးဘက်ဝင် ခေါင်းလျှော်ရည် (Treatment Shampoo) ဖြစ်လို့ လိုက်နာရမယ့် စည်းကမ်းချက်တွေ အလွန်အရေးကြီးပါတယ်ဗျာ -
၁။ ဗူးကို သေချာ လှုပ်ပါ (Shake Well): မသုံးစွဲမီ ဗူးကို သေချာနှံ့အောင် လှုပ်ပေးရပါမယ်။
၂။ ခေါင်းလျှော်လျှင် ၃ မိနစ် နှပ်ထားပါ (Wait 3 Minutes): ဆံပင်ကို ရေစိုစွတ်အောင် လုပ်၊ Selsun Gold အနည်းငယ်ဖြင့် ဦးရေပြားကို နှံ့စပ်အောင် ပွတ်ပြီး ၃ မိနစ်ခန့် မဖြစ်မနေ နှပ်ထားပေးရပါမယ်။ ပြီးမှ ရေစင်ကြယ်အောင် ပြန်ဆေးချပါ။
၃။ တစ်ပတ်လျှင် (၂) ကြိမ်သာ သုံးပါ: ဗောက် အလွန်ပြင်းထန်နေချိန်မှာ တစ်ပတ်ကို ၂ ကြိမ် (ဥပမာ - တနင်္လာနှင့် ကြာသပတေး) သုံးပေးပါ။ ဗောက် သက်သာ ပျောက်ကင်းသွားပါက လုံးဝ ရပ်ပစ်ခြင်း သို့မဟုတ် တစ်ပတ် ၁ ကြိမ် / ၂ ပတ် ၁ ကြိမ် သို့ လျှော့ချသုံးစွဲပါ။
၄။ ဆံသား မခြောက်ရအောင် ထိန်းသိမ်းပါ: Selsun Gold က အဆီနဲ့ မှိုပိုးကို အစွမ်းကုန် ဖယ်ရှားပေးလို့ ဆံပင်အဖျားပိုင်းကို အနည်းငယ် ခြောက်သွေ့စေနိုင်ပါတယ်။
လျှော်ပြီးရင် ဆံပင်အဖျားပိုင်းကို Hair Mask (သို့မဟုတ်) Conditioner အနည်းငယ် လိမ်းပေးပါ။ (ဦးရေပြားကို မထိရပါ)။
ဆံပင် သုတ်ပြီး ရေစိုစွတ်စွတ် အခြေအနေမှာ Hair Oil လေးကို အဖျားပိုင်း လိမ်းပေးရင် ဆံသား ပျက်စီးတာ လုံးဝ မဖြစ်တော့ပါဘူးဗျာ။
၅။ လက်ဝတ်ရတနာများနှင့် စကင်ကဲလ် သတိပြုရန်:
ရွှေ၊ ငွေ၊ စတီး ရတနာများ မည်းသွားနိုင်လို့ ခေါင်းမလျှော်မီ ချွတ်ထားပါဗျာ။
ခေါင်းလျှော်စဉ် မျက်နှာပေါ် စီးကျလာပါက မျက်နှာ အသားအရေ မစပ်စေရန် ရိုးရိုးရေနဲ့ အမြန် ပြန်ဆေးချပေးပါ။
看起来还没有评价。
Cookie preferences