ဒီ Serum ဟာ ဆံသားကို အထူးပြုပြင်ပေးတဲ့ Salon-grade ဆံပင်အားဖြည့် Serum တစ်ခုဖြစ်ပြီး ဆံသားပျက်စီးနေသူတွေနဲ့ ဆံပင်အရမ်းဖွာသူတွေအတွက် အထူးသင့်လျော်ပါတယ်။
Damaged Hair Repair: ခရုအနှစ် (Snail Mucin) ပါဝင်တဲ့အတွက် ဆံပင်ဆေးဆိုးခြင်း၊ ကောက်ခြင်း၊ ဖြောင့်ခြင်းတို့ကြောင့် ပျက်စီးသွားတဲ့ ဆံသားတွေကို ပြန်လည်အားဖြည့် ပြုပြင်ပေးပါတယ်။
Glossy & Shine: ရွှေမှုန် (Gold Liquid) ပါဝင်လို့ ဆံသားကို ဝင်းပတောက်ပစေပြီး ကျန်းမာတဲ့ ဆံကေသာအသွင်ကို ပေးစွမ်းပါတယ်။
Anti-Frizz: ဆံပင်ဖွာတာ၊ ငြိတာတွေကို သက်သာစေပြီး ဆံသားကို ချောမွေ့အိစက်စေပါတယ်။
Heat Protection: ကောက်စက်၊ ဖြောင့်စက်တွေနဲ့ နေရောင်ခြည်ဒဏ်ကနေ ဆံသားမပျက်စီးအောင် ကာကွယ်ပေးပါတယ်။
Snail Secretion Filtrate: ဆံသားအတွက် လိုအပ်တဲ့ ပရိုတင်းနဲ့ အစိုဓာတ်ကို ဖြည့်တင်းပေးပြီး ကျိုးပဲ့လွယ်တဲ့ ဆံသားကို သန်စွမ်းစေပါတယ်။
Gold Extract: ဆံသားကို အာဟာရဓာတ် စုပ်ယူမှု ကောင်းမွန်စေပြီး တောက်ပတဲ့ အကျိုးကျေးဇူးကို ပေးပါတယ်။
Natural Oils: ဆံသားကို မလေးလံစေဘဲ စိုပြေချောမွတ်အောင် ကူညီပေးပါတယ်။
ဆံပင်လျှော်ပြီးချိန်: ဆံပင်လျှော်ပြီး ရေခပ်စိုစို (သို့မဟုတ်) ရေခြောက်ခါနီးအချိန်မှာ Serum အနည်းငယ်ကို လက်ဖဝါးပေါ်တင်၍ ပွတ်ပြီး ဆံပင်အဖျားပိုင်းကို အဓိကထား၍ လိမ်းပေးပါ။
စက်မသုံးမီ: ဆံပင်မဖြောင့်မီ (သို့မဟုတ်) မကောက်မီ လိမ်းပေးပါက အပူဒဏ်ကနေ ကာကွယ်ပေးပါတယ်။
နေ့စဉ်အသုံးပြုခြင်း: ဆံပင်အရမ်းဖွာနေတဲ့ အချိန်မျိုးမှာလည်း အနည်းငယ် လိမ်းပေးရုံနဲ့ ဆံသားကို ချက်ချင်းငြိမ်သွားစေပါတယ်။
看起来还没有评价。
Cookie preferences