0 0
0
လှည်းထဲတွင် ကုန်ပစ္စည်းမရှိပါ။

About us

Our Story

As the digital retail landscape in Myanmar rapidly evolves, everyday shoppers increasingly demand authentic, high-quality products at fair retail prices from a single, trusted destination. At the same time, direct manufacturers and brand owners require an efficient, modern infrastructure to connect directly with retail consumers nationwide.

To address these needs, MartMM was launched in August 2025 as an advanced Online Multi-Vendor Retail Marketplace. Operating under SM SYNERGY CO., LTD., MartMM does not hold its own inventory. Instead, we are the premium digital platform provider. We empower vetted suppliers, direct importers, and brand owners to showcase their genuine retail products while connecting them seamlessly with consumers across Myanmar.

Our Mission

Our mission is to build Myanmar’s most trusted and intuitive online retail destination. We strive to provide shoppers with guaranteed authentic goods delivered right to their doorstep, while enabling direct suppliers to scale their retail reach effortlessly through modern technology.

Our Core Values & Platform Infrastructure

MartMM bridges shoppers and verified vendors through reliable ecosystem pillars:

  • Verified Vendor Network: We carefully vet all onboarded merchants to ensure our customers receive authentic, top-quality consumer products at honest retail rates.
  • Infrastructure for Vendors: We provide direct suppliers and brands with powerful merchant tools to manage inventory, track customer orders, and access immediate retail demand nationwide.
  • Seamless Fulfillment & Reliable COD: Our system streamlines order routing, delivery tracking, and transparent Cash-on-Delivery (COD) reconciliation to ensure a secure shopping experience from checkout to doorstep.

 

ကျွန်ုပ်တို့အကြောင်း (Our Story)

မြန်မာနိုင်ငံ၏ ဒီဂျစ်တယ်စျေးဝယ်လောကသည် အရှိန်အဟုန်ဖြင့် တိုးတက်ပြောင်းလဲလာသည်နှင့်အမျှ စားသုံးသူများအတွက် အရည်အသွေးစိတ်ချရသော ကုန်ပစ္စည်းစစ်စစ်များကို စျေးနှုန်းမှန်ကန်စွာဖြင့် တစ်နေရာတည်းတွင် အလွယ်တကူ ဝယ်ယူရရှိနိုင်ရန် လိုအပ်ချက်များ ရှိနေပါသည်။ တစ်ဖက်တွင်လည်း ကုန်ထုတ်လုပ်သူများနှင့် တိုက်ရိုက်တင်သွင်းသူများအနေဖြင့် စားသုံးသူပြည်သူများထံသို့ ၎င်းတို့၏ အရည်အသွေးမြင့် ကုန်ပစ္စည်းများကို တိုက်ရိုက် ထိရောက်စွာ ရောင်းချနိုင်မည့် ခေတ်မီစျေးကွက်နေရာတစ်ခု လိုအပ်လျက်ရှိသည်။

ဤလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် MartMM ကို ၂၀၂၅ ခုနှစ်၊ ဩဂုတ်လတွင် မြန်မာနိုင်ငံ၏ ခေတ်မီအဆင့်မြင့် အွန်လိုင်းစျေးဝယ်စင်တာ (Online Multi-Vendor Retail Marketplace) အဖြစ် စတင်တည်ထောင်ခဲ့ပါသည်။

MartMM သည် ကိုယ်ပိုင်ပစ္စည်းများကို Instock သိုလှောင်၍ ရောင်းချသည့် ရိုးရိုးဆိုင် မဟုတ်ပါ။ ကျွန်ုပ်တို့သည် မိခင်ကုမ္ပဏီဖြစ်သော SM SYNERGY CO., LTD. ၏ ခေတ်မီနည်းပညာများဖြင့် မောင်းနှင်သည့် "ဒီဂျစ်တယ် ပလက်ဖောင်းနှင့် ဂေဟစနစ် ပံ့ပိုးသူ (Digital Platform Provider)" ဖြစ်ပါသည်။ ကျွန်ုပ်တို့၏ ရည်ရွယ်ချက်မှာ ပြည်တွင်း/ပြည်ပမှ စိစစ်ပြီးသား ကုန်ထုတ်လုပ်သူများ၊ အမှတ်တံဆိပ် (Brand) ပိုင်ရှင်များနှင့် ပထမလက်လှန် ပစ္စည်းတင်သွင်းသူများကို ၎င်းတို့၏ အရည်အသွေးမြင့် ပစ္စည်းများ လာရောက်တင်ရောင်းနိုင်မည့် နေရာတစ်ခု ဖန်တီးပေးပြီး၊ မြန်မာနိုင်ငံတစ်ဝန်းရှိ စားသုံးသူများထံသို့ တိုက်ရိုက်၊ လျင်မြန်၊ မှန်ကန်စွာ လက်လီရောင်းချပေးနိုင်မည့် ပလက်ဖောင်းစနစ်ကို ပံ့ပိုးပေးခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ရည်မှန်းချက် (Our Mission)

ကျွန်ုပ်တို့၏ ရည်မှန်းချက်မှာ မြန်မာနိုင်ငံတွင် အားအထားရဆုံးနှင့် စျေးဝယ်ရ အလွယ်ကူဆုံး အွန်လိုင်းလက်လီစျေးဝယ်စင်တာ ကို တည်ဆောက်ရန် ဖြစ်သည်။ စားသုံးသူများအတွက် စစ်မှန်သော ကုန်ပစ္စည်းများကို အိမ်အရောက် စိတ်ချလက်ချ ဝယ်ယူနိုင်စေရန်နှင့်၊ ကုန်ပစ္စည်းပေးသွင်းသူများအတွက် ၎င်းတို့၏ အရောင်းကဏ္ဍကို နည်းပညာဖြင့် အားစိုက်ထုတ်မှု အနည်းဆုံးဖြင့် ချဲ့ထွင်နိုင်စေရန် ရည်ရွယ်ပါသည်။

ကျွန်ုပ်တို့၏ ပလက်ဖောင်းစနစ်နှင့် အားသာချက်များ (Core Values & Infrastructure)

MartMM သည် စျေးဝယ်သူများ (Shoppers) နှင့် ပစ္စည်းတင်ရောင်းသူများ (Vendors) အကြား ချောမွေ့လုံခြုံသော စျေးဝယ်အတွေ့အကြုံ ရရှိစေရန် အောက်ပါအတိုင်း စနစ်တကျ စီမံထားပါသည် -

  • စိစစ်ပြီးသား အရောင်းဆိုင်ကွန်ရက် (Verified Vendor Network): ကျွန်ုပ်တို့ ပလက်ဖောင်းပေါ်တွင် ဆိုင်ဖွင့်လှစ်မည့် ပေးသွင်းသူများကို စနစ်တကျ စိစစ်လက်ခံထားသဖြင့် ဝယ်ယူသူများအနေဖြင့် တုပပစ္စည်းများကင်းစင်ပြီး စစ်မှန်သော ကုန်ပစ္စည်းများကို အကောင်းဆုံး လက်လီစျေးနှုန်းများဖြင့် ရရှိစေပါသည်။
  • ရောင်းချသူများအတွက် ခေတ်မီစနစ် (Infrastructure for Vendors): ကုန်ပစ္စည်းတင်သွင်းသူများအတွက် အော်ဒါများ၊ ကုန်ပစ္စည်းစာရင်း (Stock) များကို လွယ်ကူစွာ စီမံနိုင်မည့် Merchant Dashboard များ ထောက်ပံ့ပေးထားပြီး စားသုံးသူထုထံ ချက်ချင်း ထိုးဖောက်နိုင်စေပါသည်။
  • အဆင်ပြေချောမွေ့သော ပို့ဆောင်ရေးနှင့် ငွေချေစနစ် (Seamless Fulfillment & COD): ကုန်ပစ္စည်းအော်ဒါ လွှဲပြောင်းခြင်း၊ ပစ္စည်းပို့ဆောင်ရေး (Logistics) နှင့် ပစ္စည်းရောက်မှ ငွေချေသည့်စနစ် (Cash-On-Delivery) များကို ကျွန်ုပ်တို့၏ ပလက်ဖောင်းမှတစ်ဆင့် တိကျမှန်ကန်စွာ ချိတ်ဆက်ဆောင်ရွက်ပေးပါသည်။
  •  

ဆက်သွယ်ရန် နှင့် ကျွန်ုပ်တို့၏လိပ်စာ (Contact Us & Address)

  • ဖုန်းနံပါတ်များ: 09 42882 1102, 09 66854 5244
  • Viber / Telegram / WhatsApp: 09 66854 5244
  • အီးမေးလ်: info@MartMM.com
  • လိပ်စာ: အမှတ် 66၊ 38 လမ်း နှင့် 39 လမ်းကြား၊ မဟာအောင်မြေမြို့နယ်၊ မန္တလေးမြို့။

     

SM SYNERGY CO., LTD. မိသားစုမှ ချစ်ခြင်းများစွာဖြင့်။

 

A Message from Our Founder

"Our vision is to build Myanmar’s most trusted multi-vendor retail ecosystem—connecting verified merchants with everyday consumers through transparent, cutting-edge technology and seamless service."

— Sai Myint, Founder of MartMM / SM SYNERGY CO., LTD.

Categories: